အခြေခံပညာ • 1 min read
သတင်း

မကွေးတွင် တိုင်းအဆင့် National Digital Awards-2026 ပြိုင်ပွဲ ကျင်းပ

One News

Nov 26, 2026

မကွေးတွင် တိုင်းအဆင့် National Digital Awards-2026 ပြိုင်ပွဲ ကျင်းပ
0 Shares
13 Views

 

မကွေးတိုင်းဒေသကြီးအဆင့် National Digital Awards-2026 (Educational Project & Skills Competition) ပြိုင်ပွဲဟာ နည်းပညာ ပိုမြင့်လာတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောပါတယ်။

အဲဒီပြိုင်ပွဲကို မကွေးမြို့ရှိ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမမှာ နိုဝင်ဘာလ ၂၅ ရက်နဲ့ ၂၆ ရက် မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာ ICT နည်းပညာကို အပြည့်အဝ အသုံးချနိုင်စေဖို့၊ ICT နယ်ပယ် မှာ ထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်ပညာရှင်တွေ ပေါ်ထွက်လာစေဖို့၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်နိုင်တဲ့ ပညာရှင်တွေ ပေါ်ထွက်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုနှစ် National Digital Awards-2026 ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အခုနှစ်က နည်းပညာ ပိုမြင့်လာတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအဆင့် National Digital Awards-2026 (Educational Project & Skills Competition) ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနဲ့ မကွေးတိုင်းဒေသကြီး ကွန်ပျူတာအသင်းတို့က ပူးပေါင်းကျင်းပ တာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲကနေ ရွေးချယ်ခံရသူတွေဟာ နေပြည်တော် ဗဟိုအဆင့်မှာ သွားရောက် ယှဉ်ပြိုင်ရ မှာဖြစ်ပြီး ဆုရရှိသူတွေကိုတော့ လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် ပညာရေးစုံညီပွဲတော်မှာ ဆုချီးမြှင့်သွား မယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အခြေခံပညာ
သတင်း

ကလေးသူငယ်များ အကြမ်းဖက်ခြင်း မခံရစေရေး အကာအကွယ်ပေးရမည်

One News

Nov 17, 2026 44

ကလေးသူငယ်တွေအပေါ်အကြမ်းဖက်တာ၊ လွဲမှားစွာပြုမူတာ၊ လျစ်လျူရှုတာနဲ့ အမြတ်ထုတ်တာတွေ မခံရစေ ရေးအတွက် အကာအကွယ်ပေးကြရမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောပါတယ်။